ပင်မ စာမျက်နှာ   >   NSSA အကြောင်း   >   Programs and Services

NSSA ၏ လုပ်ငန်းစဉ်များနှင့် ဝန်ဆောင်မှုများ

၁။ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု"စံ"များ သတ်မှတ် ပြဋ္ဌာန်းခြင်း
၂။ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ခြင်းနှင့် ကျွမ်းကျင်မှုအဆင့်အလိုက် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်း
၃။ ကျွမ်းကျင်မှု"စံ"အခြေပြု လေ့ကျင့်ရေး အစီအစဉ်များဆောင်ရွက်ခြင်း
၄။ အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှု"စံ" အခြေပြု သင်တန်းအစီအစဉ်များနှင့် စစ်ဆေးအကဲဖြတ်ရေးဌာန များကို အသိအမှတ်ပြုခြင်း
၅။ နိုင်ငံအဆင့်နှင့်နိုင်ငံတကာအဆင့် ကျွမ်းကျင်မှုပြိုင်ပွဲများတွင် ဦးဆောင်ပါဝင်ခြင်း
၆။ အာဆီယံဒေသတွင်း ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အကောင်အထည်ဖော်ခြင်း

လက်ရှိ NSSA အနေဖြင့် အောက်ပါဝန်ဆောင်မှုများအား ဦးစားပေးဆောင်ရွက်လျက်ရှိသည်။

(က) မြန်မာအလုပ်သမားများအတွက် လုပ်ငန်းခွင် အတွေ့အကြုံမှ ရရှိသော ကျွမ်းကျင်မှုအား အသိအမှတ်ပြုပြီး စစ်ဆေးအကဲဖြတ်ရေးနှင့် ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေး၊

(ခ) သတ်မှတ်ထားသော အဆင့် (၄) ဆင့်ပေါ် မူတည်၍ လုပ်သား လိုအပ်ချက်များသော အလုပ်အကိုင်များအား အမျိုးသားအဆင့် ကျွမ်းကျင်မှုစံများ ရေးဆွဲသတ်မှတ်ပြဋ္ဌာန်းရေး၊

(ဂ) ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်း၍ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးအား ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာကော်မတီများအား စွမ်းရည်မြှင့်တင်ရေး၊

(ဃ) လုပ်ငန်းခွင်အတွင်း လိုအပ်သည့် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းခွင်ကျင့်ဝတ်ဆိုင်ရာ စံချိန်စံညွှန်းများအား ထည့်သွင်းကျင့်သုံးခြင်းဖြင့် ကျွမ်းကျင်မှုစံ အခြေပြု စစ်ဆေးအကဲဖြတ်ခြင်းနှင့် လေ့ကျင့်ခြင်းများ၏ အရည်အသွေးအာမခံချက်ရှိစွာ မြင့်မားလာစေရေး၊

(င) ကျွမ်းကျင်မှု "စံ" အခြေပြု စစ်ဆေးအကဲဖြတ်ရေးဌာနများ ထူထောင်ခြင်း၊ လေ့ကျင့်ရေးအစီအစဉ်များ ပံ့ပိုးပေးခြင်း၊ နည်းပြများနှင့် စစ်ဆေးရေးမှူးများအား လေ့ကျင့်ပေးခြင်း။

ABOUT US

> Mission, Vision, Objectives & Policy
> National Skill Qualification Framework
> NSSA Organizational Structure
> NSSA Board Members & Committees
> Cooperation